မနုဟာဘုရားကို ပုဂံရောက် သထုံမင်း မနုဟာမင်း(မကုတ) တည်ခဲ့သောဘုရားဖြစ်ပါသည်။ ဘုရားဂူအတွင်း၌ ရှေ့ ဘက်တွင် ထိုင်တော်မူ ဆင်းတုတော်ကြီး သုံးဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်း ဆင်းတုတော်ကြီးများသည်
အလွန်တရာကြီးမားတော်မူကြသည်ဖြစ်၍ ဂူအတွင်း နေရာအပြည့် ဖြစ်နေကြသည်။ ဆင်းတုတော်ကြီးများသည် မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။
မနုဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့ ဖက် မျက်နှာစာရှိ
သပိတ်ကြီးမှာလဲ ဆင်းတုတော်ကြီးများနှင့်လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။ သမိုင်းအရ မနုဟာမင်းသည် ပုဂံတွင် နေထိုင်ရာမှ ကုသိုလ်ကောင်းမှုပြုလုပ်လိုသည်ရှိသဖြင့် ဘုရားတစ်ဆူတည်ရန်
အနော်ရထာမင်းအားခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲခွင့်ပြုသဖြင့် မိမိလက်တွင်
ဝတ်ဆင်သော နန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။
မနုဟာဘုရားသည် အကျဉ်းသားအဖြင့် ပုဂံတွင်နေရသော မနုဟာမင်း၏ ကောင်းမှုတော်ဖြစ်ခြင်းကြောင့်
လည်းကောင်း လှိုဏ်ဂူအတွင်း၌ ပူဇော်ထားသော ထိုင်တော်မူဆင်းတုတော်သုံးဆူနှင့်လျောင်းတော်မူ
ဆင်းတုတော် တစ်ဆူတို့၏ အလွန်တရာကြီးမားမှုကြောင့်လည်းကောင်း ထင်ရှားကျော်ကြားသော
ဘုရားတစ်ဆူဖြစ်သည်။ သို့သော် နောက်ပိုင်းလေ့လာတွေ့ရှိချက်များအရ ယနေ့တွေ့မြင်တည်ရှိနေသော
ကျဉ်းမြောင်းကျပ်တည်းလှသည့် ဘုရားကျောင်းဆောင်မှာ မူလ မနုဟာမင်းတည်သည့် လက်ရာမျိုး
မဟုတ်ကြောင်း ထပ်မံသိရှိရပါသည်။
ref: by Wikipedia
ပုဂံကိုတော့ မရောက်ဖူးသေးပါဘူး ဒါပေမဲ့ စာအုပ်ထဲဖတ်ဖူးတာတော့ မနုဟာမင်းဟာ အနော်ရထာရဲ့ 
အကျဉ်းသားအဖြစ် ပုဂံကို ပါလာစဉ်မှာ အတော့်ကို စိတ်ဆင်းရဲကိုယ်ဆင်းရဲမှုကို ခံစားရတယ်လို့ ဆိုပါတယ်
အနော်ရထာမင်းက သူ့ကိုကောင်းမွန်စွာထားသော်ငြား အကျဉ်းသားအဖြင့် နေရလို့ သူဟာ အတော့်ကို
စိတ်ဆင်းရဲခဲ့ပါတယ် အဲဒါတွေကို ပြေပျောက်အောင် မနုဟာဘုရားကို တည်ခဲ့တာပါတဲ့ ။ ဒါပေမဲ့လဲ
အကျဉ်းသားတစ်ဦးအနေနဲ့ တည်ခဲ့ရတဲ့ ဘုရားဖြစ်လို့ ဘုရားဟာ အဲဒီအချိန်က သူ့ရဲ့  စိတ်ခံစားတွေ
အများကြီး လွှမ်းခြုံနေတယ်လို့လဲ ဆိုကြပါတယ်။ အခုအချိန်ထိလည်း မနုဟာဘုရားအတွင်း ၀င်ရောက်
ကြည်ညိုကြရင် အတွင်းမှာ ကျပ်ကျပ်သိပ်သိပ်နဲ့ အခြားစေတီများကဲ့သို့ စိတ်ပေါ့ပါးမှုမျိုး မရှိကြဘူးလို့လဲ
ဆိုကြပါတယ် ။ ညီမငယ် တစ်ယောက်ကတော့ သူ့မှာ စိတ်တွေထွေပြားပြီး အကျဉ်းအကြပ်ထဲရောက်တဲ့
အခါမျိုးဆို မနုဟာကိုကိုယ်ချင်းစာတယ်လို့ ဆိုပါတယ် ဆိုင်မဆိုင်တော့ မသိပါဘူးဗျာ :)))
No comments:
Post a Comment