Saturday, September 29, 2012

နယူးယောက်၌ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ


President U Thein Sein UN Speech



ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာသမ္မတအနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၂၇ က သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားတာမှာ သူ့အစိုးရသက်တမ်း ၁၈ လအတွင်း မြန်မာနိုင်ငံမှာ အင်တာနက်ကို လွတ်လပ်စွာ ပေးသုံးနေတယ်၊ သတင်းစာ လွတ်လပ်ခွင့် ပေးထားပြီ စသဖြင့် မျက်မှောက် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ပြောကြားသလို ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် က ဂုဏ်ပြုမှုတွေကို ၀မ်းသာဂုဏ်ယူတဲ့ အကြောင်းပါ ထည့်သွင်း ပြောကြားထားတဲ့ အပြင်
အမေ့ခံ ဦးသန့်အကြောင်းကိုပါ ထည့်သွင်းပြောကြားသွားခဲ့ပါတယ် ။

Monday, September 17, 2012

အစ္စလာမ်ဝါဒီတွေရဲ့ တမန်တော်မိုဟမ်မက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ (ဗွီဒီယို)


လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက
အတင်း ၀င်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦးတို့ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ်ကို လှောင်ပြောင်ထားတယ်  ထိပါး စော်ကားတယ် ဆိုပြီး ဒေါသထွက်သူတွေက
အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။

သတင်းရင်းမြစ် : Thit Htoo Lwin

ဘာသာရေးဆိုတာ ကိုယ်ယုံကြည်ရာနဲ့ကိုယ်ပဲပေါ့ သူများယုံကြည်ချက်ကို သွားပြီး ပုပ်ခတ်တာကတော့
မဟုတ်သေးပါဘူးဗျာ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတာ ဒီမိုကရေစီနိုင်ငံတိုင်း လိုက်နာရမဲ့
စည်းကမ်းလေးတစ်ခုလို့ ထင်ပါတယ် အခုတော့ လူ့အဖွဲ့ အစည်းတစ်ခုလုံးအတွက် ဘာမှအကျိုးမရှိတာတွေပဲ ဖြစ်လာရတာပေါ့။