|
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။ မီးစတင်လောင်ကျွမ်းခဲ့သည့် နေရာမှာ တေဇခန်းမဆောင်အနီးရှိ ကွန်ပြူတာ အခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး တေဇခန်းမဆောင်သို့ ကူးစက်၍ မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိရသည်။ ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်မှ မည်သည့်နေရာမှ စတင်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း အတည်မပြုသေးသော်လည်း ယခုလက်ရှိအချိန်ထိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ တေဇခန်းမဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါခန်းမအနီးရှိ ကွန်ပြူတာခန်း၊ အိမ်တွင်းမှုအခန်း၊ အနုပညာခန်း၊ ပန်းချီခန်း၊ ကျန်းမာရေးခန်းနှင့် လေးထပ်ဆောင်တို့မှာ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ(၃၀)ရက်နေ့ညနေ၅နာရီခွဲအချိန်ခန့်၌ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၆)နာရီ (၃၅)မိနစ်ခန့်တွင် မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ည၇နာရီ၊ မိနစ်၅၀တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၃၁)စီး၊ အုပ်ချုပ်မှုယာဉ် (၈)စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်စဉ်ကို ဦးစွာမြင်တွေ့ခဲ့ရသည့် အမှတ်(၂)အခြေခံပညာကျောင်း၊ ကျောင်းစောင့်ဖြစ်သူ ကိုဖိုးဇော် က " ကျွန်တော်နဲ့ ကျွန်တော့ဇနီးက ညနေ၅နာရီခွဲအချိန်လောက်က ကျောင်းအတွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာပဲ တေဇခန်းမဆောင်ရဲ့ ဘေးထောင့်မှာရှိတဲ့ ကွန်ပြူတာခန်းကနေပြီးတော့ မီးလောင်နေတာကို တွေ့ရတယ်။ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်မယ့်အချိန်မှာ မီး ညွန့်ကအရှိန်ပြင်းလာတယ်။ ကွန်ပြူတာခန်းကလည်း တံခါးပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ၀င်လို့မရဘူး" ဟု ၄င်း၏ မြင်တွေ့မှုကို ပြန်လည် ပြောကြားခဲ့သည်။ Eleven Media Group |
Friday, December 30, 2011
ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း မီးလောင်မှုဖြစ်ပွား
Thursday, December 29, 2011
စီးပွားကူးသန်းဂိုဒေါင်ပေါက်ကွဲမှုဖြစ် ..
စီးပွားကူးသန်းဂိုဒေါင် ပေါက်ကွဲမှု အနည်းဆုံး ၁၀ ဦးသေ
မဇ္ဈိမသတင်းဌာန
|
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၀၂ နာရီ ၂၁ မိနစ်
မဇ္ဈိမသတင်းဌာန ။ ။ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။
မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်
ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေ
သော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။
ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။
ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများအပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။
ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀၀၊ ၅၀၀ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။
ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
“ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။
မဇ္ဈိမသတင်း
လှိုင်မြို့ နယ်မှ ကျွန်တော်တို့အိမ်တောင်တုန်သွားပါတယ် ရန်ကုန်မြို့ နေရာအတော်များများမှ
အိမ်များ တိုက်ခန်းများ တုန်သွားသည်ကို သိရှိလိုက်ပါသည်။ မနက် MRTV - 4 မှကြေငြာသွားတာကတော့
သေဆုံးသူ (၁၅)ဦးရှိတယ်လို့ သိရပါတယ် ။
၃၀.၁၂.၂၀၁၁ နေ့ထုတ် အစိုးရသတင်းစာများမှာ တရားဝင်ဖော်ပြထားတာကတော့ သေဆုံးသူ (၁၇) ဦး
ဒဏ်ရာရသူ (၈၃) ဦးရှီတယ်လို့ဖော်ပြထားတယ် .. သေဆုံးသူများထဲမှ (၅)ဦး နှင့် (၃၃) ဦးတို့ဟာ မီးသတ်တပ်ဖွဲ့မှဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ သေဆုံးသူ (၅)ဦးကို ယင်းနေ့ ညနေပိုင်းမှာပင် ရေဝေးသုဿာန်တွင် အခမ်းအနားဖြင့် သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် (၁၅) ပေ
အကျယ် ( ၄၀ )ပေ ခန့်ရှိတဲ့ ချိုင့်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်ဗျာ ။
Tuesday, December 27, 2011
Wednesday, December 21, 2011
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ..
မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း .. မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဗယ်(လ်)ဆုရှင်
ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ ကမ္ဘာကသိသော မြန်မာပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ် .. ကျွန်တော်တို့
ဒီဖက်ခေတ်မှာတော့ သူ့ရဲ့ အခန်းကဏ္ဍဟာ အနည်းငယ်မှေးမှိန်နေတယ်လို့ ထင်ရပါတယ် ..
မှတ်တမ်းတစ်ခုအဖြစ် ဖော်ပြပေးလိုက်တာပါ ..မူလတင်ပေးခဲ့တဲ့သူကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ
ရွှင်လန်းချမ်းမြေ့ပါစေ
Tuesday, December 20, 2011
Ban That Scene ! ( Myanmar C.C )
Ban That Scene ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ဒါရိုက်တာဝိုင်းကရိုက်ကူးပြီး လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ
ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်ဗျာ ။
မြန်မာနိုင်ငံရုပ်ရှင် ဆင်ဆာအဖွဲ့ကနေပြီး တစ်နှစ်ကို ဗီဒီယိုဇတ်လမ်း (1000) နီးပါလောက် ဇတ်လမ်းခွင့်ပြုချက်ပေးနေပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဗီဒီယိုဇတ်လမ်း (1000)လောက်
ထွက်နေပါတယ် ။ ကြည့်ရှုသူ ပရိတ်သတ်က တစ်နေ့တစ်ကားပုံမှန်ကြည့်သွားရင်တောင် တစ်နှစ်ကို (365)ကားပဲ ကြည့်ရှုနိုင်မှာပါ ။ အခုတော့ တစ်နေ့ကို သုံးကားနှုံးကြည့်ပေးရမလို့ပါပဲ ။ စိတ်မကောင်းစရာက
မင်းသား မင်းသမီးသာပြောင်းသွားမယ် ဇတ်လမ်းက ဒီဇတ်လမ်းတွေဖြစ်နေတာ အခုနောက်ပိုင်း ပိုဖြစ်လာပါပြီ အရင်ကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဇတ်လမ်းကို တရားဝင်ကြေငြာပြီး ပြန်လည်ရိုက်ကူး
ထုတ်လုပ်ကြတာပါ အခုတော့ အဲဒီလိုလုပ်ဖို့တောင် အချိန်မမှီတော့သလိုပါပဲ ။ ဂီတလောကမှာ ပြန်ဆိုတေးတွေ ငြိမ်သွားတော့ အခု ရုပ်ရှင်ဖက်မှာ တစ်ခေတ်ဆန်းလာပါတယ် ။
တစ်နေ့ထဲကို ဇတ်ကား သုံးလေးကား အပြိုင်ထွက်လာကြတာပါ အရင်က မင်းသားတစ်ယောက်က
တစ်ပါတ်မှာ တစ်ရက်ပဲ ဖြန်ချိဖို့ ရက်ချိတ်ခွင့်ရပါတယ် အခုတော့ တစ်ပါတ်တည်းမှာ မင်းသားတစ်လက်တည်းက နှစ်ရက်လောက်ပါတာတွေ ဖြစ်လာပါပြီ ဘယ်လိုမူတွေနဲ့ သုံးသပ်ပြီး
ခွင့်ပြုချက်တွေပေးနေတာလဲဆိုတာ မသိတော့ပါဘူး အားပေးကြည့်ရှုကြတဲ့ ပရိတ်သတ်တွေကလဲ ရွေးချယ်
လာကြပါပြီ တစ်ချို့ ကားတွေဆို နာမည်ကြီးမင်းသား မင်းသမီးတွေပါပဲ ဒါပေမဲ့ ရုပ်ရှင်သာပြီးသွားတယ်
ဘာကိုပြောလို့ ဘာကိုပြမှန်း မသိလိုက်ပါဘူး မြန်မာပြည်ရဲ့ ရိုက်ကူးနှုံးတွေကလဲ အင်မတန်အံ့သြဖို့ကောင်းပါတယ် တစ်ကားကို (3) ရက် နည်းနည်းကောင်းကောင်းလေးရိုက်ရင် (5) ရက်
အဲဒီလောက်ပါပဲ ဟုတ်ကဲ့ အဲဒီတော့ ဘာဖြစ်လာလဲ .....ထုတ်လုပ်ရေးတွေက ရောင်းအားကျလာရင်
အငှားဆိုင်တွေကို ပြဿနာရှာတော့တာပါပဲ သေချာပါတယ် ခွေငှားဆိုင်တွေကလဲ အဲဒီလို တစ်နေ့
(၂) ကား (၃) ကား မ၀ယ်နိုင်ကြပါဘူး အခု ဒီရက်ပိုင်းအတွင်း ရောဂါဆန်းတစ်မျိုးပေါ်နေပါတယ်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးအစည်းအဝေးမှာ မြန်မာဗီဒီယိုဇာတ်ကားတွေ မရောင်းရတာ နိုင်ငံခြား
မြန်မာစာတန်းထိုး ဇတ်ကားတွေကြောင့်ပါဆိုပြီး ပြောလို့ အဲဒီ စာတန်းထိုးတွေကို လိုက်ဖမ်းကုန်ပါပြီ
သေချာစဉ်းစားကြည့်ရင် လူတွေက အပြင်က၀ယ်ကြည့်လို့မရရင် အဲဒီ စာတန်းထိုးကားတွေကို
5 movie တို့ MRTV 4 တို့ Sky Net တို့ကနေကြည့်မှာ အဲဒီလိုင်းတွေကနေလွင့်နေတာ အုန်းအုန်းကိုထနေတာပဲ သူတို့အချင်းချင်းတောင် အပြိုင်အဆိုင်ဖြစ်ပြီး ဈေးတွေလျော့ရောင်းနေတာ
ပေါပေါလေးနဲ့ ၀ယ်ကြည့်လို့ရနေတာပဲ ရန်ကုန်မှာဆို အဲဒီလိုင်းတွေက 70 % လောက် အိမ်တိုင်ရှိတယ်
မြန်မာကားကို အဆင့်အတန်းမှီမှီ အရည်အသွေးရှိရှိရိုက်ရင် ကြည့်တဲ့သူများမှာပဲ ကြည့်တဲ့သူများရင်
ရောင်းရမှာပေါ့ဗျာ အခုတော့ ဟို လက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ ပြီးတော့ ရှိသေးတယ် ခွေငှားဆိုင်လိုင်စင်
ကြိုက်တဲ့သူလာခဲ့ လိုင်စင်ကြေးသာပေး အကုန်ထုတ်ပေးမယ် အခုတော့ ခွေဆိုင်တွေကလဲ မျက်နှာချင်းဆိုင်တွေ ဘေးကပ်ရက်တွေဖြစ်ကုန်ပါပြီ ဒါကို ဗီဒီယိုလောကကြီး ဖွံ့ဖြိုးလာပြီဆိုပြီ ပီတိတွေ
ဖြစ်နေကြတာ အခု ထိန်းမရတော့ဘူးလေ ခွေဆိုင်တွေ အဲဒီလောက်များလာမှတော့ ငှားမရတော့ဘူးလေ
ခွေငှားမရတော့ ခွေဆိုင်တွေက မှန်မှန်ကန်ကန် မ၀ယ်နိုင်ကြတော့ဘူး အဲဒီတော့ ခိုးကူးဆိုတာတွေဖြစ်ကုန်ပြီပေါ့ ခွေဆိုင်သမားတွေလဲ သနားပါတယ် သူတို့ခမျာ ဒီအလုပ်မလုပ်ခင်တုန်းက
အလင်းထဲကလူတွေ ပြစ်မှုကင်းရှင်းတယ် ဒီအလုပ်လုပ်ပြီးမှ ထမင်းဖိုးလေးရမလားမှတ်တယ် သူခိုးတွေ
ဖြစ်ကုန်ရော ဟို့လူ့ ကြောက်ရ ဒီလူ့ကြောက်ရနဲ့ တရားဝင် လုပ်ငန်းလိုင်စင်နဲ့လုပ်ပြီး
ကြောက်နေရတဲ့ဘ၀လေ ပြောရတာ မကောင်းပါဘူဗျာ မြန်မာဗီဒီယိုလောကကောင်းမွန်ရေးအတွက်
ဗီဒီယိုအခြေခံအဖွဲ့ဆိုတာလဲ ဖွဲ့ပေးထားပါတယ် အလကားပါ ထုတ်လုပ်သူတွေရဲ့ လက်ကိုင်တုတ်သာသာပါပဲ ဘာလို့လဲဆိုတော့ ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) ဆိုတာ ထုတ်လုပ်သူတွေနဲ့ဖွဲ့စည်းထားတာကို အဲဒီတော့ သူတို့အကျိုးစီးပွားကိုပဲ ပိုကြည့်သလိုဖြစ်နေတော့တာပေါ့ အမှန်ကလဲ အဲဒီအတိုင်းပါပဲ
အဖွဲ့တွေသာ အဆက်ဆက်ပြောင်းသွားတယ် အငှားဆိုင်သမားတွေကတော့
သူခိုးဘ၀ကနေ မလွတ်ပါဘူး လုပ်တာကြာတဲ့သူက သူခိုးကြီး အခုမှ စလုပ်တဲ့သူက သူခိုးလေး ဒါပါပဲ
အဟီး ...ကျွန်တော်လဲ ရေးကောင်းကောင်းနဲ့ ရေးနေတာ Colour တွေ ပါကုန်ပြီလားမသိဘူး ..
တတ်နိုင်ဘူးဗျာ ဆင်ဆာဖြတ်ပြီးသာ ဖတ်ကြပေတော့
ရွှင်လန်းချမ်းမြေ့ပါစေဗျာSaturday, December 17, 2011
ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည် ...တဲ့
Jan ဟားစရာ မဂ္ဂဇင်းထဲကပါ ကာတွန်းဆရာရဲ့ အတွေးလေးကိုကြိုက်မိပါတယ်
ပြိုင်တူတွန်းတိုင်းရွေ့ တယ်ဆိုလို့ အဲဒီလိုများတွန်းမိရင် ...ကျွန်တော်တို့ကရော
ဘယ်လိုများတွန်းကြမှာလဲ ..အနှစ် ( ၆၀ )လောက်လဲ ပြိုင်တူတွန်းခဲ့ပြီးကြပါပြီ
ရွေ့ တဲ့ အရာတွေလဲရွေ့ သွားကြပါပြီ( လူတွေပြောပါတယ်) .. အခုတော့ စနစ်သစ်
ခေတ်သစ်ကိုရောက်ပြီလို့ ထင်ရတာပါပဲ တစ်ဖြည်းဖြည်းပြောင်းပြီး ၀ိုင်းတွန်းကြည့်ကြတာပေါ့
ဒီနေရာမှာ အရေးကြီးတာက တစ်ယောက်ဖိနပ်တစ်ယောက်တက်မနင်းမိကြဖို့ပါပဲ ။
သီအိုရီအရမှန်ပြီး (တနည်း မူအားဖြင့်ကောင်းပြီး) လူတွေမကောင်းရင်တော့ ဒုံရင်ဒုံရင်းပါပဲ
ကျွန်တော် သူငယ်ချင်းတစ်ယောက်ပြောခဲ့တဲ့ စကားလေးအမှတ်ရမိပါတယ် ...
ကျွန်တော်တို့ နိုင်ငံက ကျွန်တော်တို့ဆီကဘတ်(စ်)ကားတွေလိုပဲတဲ့......
မှတ်တိုင်က ထွက်ဖို့အရေး နောက်ကားကြည့်နေကြတာ ..တဲ့ နောက်ကားမလာမချင်း
အဲဒီမှတ်တိုင်မှာ ကျောက်ချနေတော့တာပဲ ဆိုင်မဆိုင်တော့ မသိပါဘူးဗျာ ဒီလိုပဲ
ဟိုရောက် ဒီရောက် တွေးဖြစ်တာလေပါ ။
ကျွန်တော်တို့ခေတ်မှာ အရွေ့ တစ်ခုဖြစ်ဖို့ ရှေ့ နောက် ဆိုင်မတွန်းပဲ လားရာတစ်ခုကိုပဲ
ပြိုင်တူဝိုင်းတွန်းကြည့်ကြတာပေါ့ ...... ရွှင်လန်းချမ်းမြေ့ပါစေဗျာ ...
Tuesday, December 13, 2011
A Night With Beyonce.
Monday, December 12, 2011
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ငယ်ရွယ်နုပျိုစဉ်က ပုံအချို့ ပါ ။
ဟိုလျှောက် ဒီလျှောက်ရင်း တွေ့ခဲ့ရတာလေးတွေကို ပြန်လည်ဝေမျှပေးတာပါ ။
မူလ ရှာဖွေစုဆောင်းပြီး တင်ပေးခဲ့တဲ့ သူကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ ။
Subscribe to:
Posts (Atom)



























































