Ban That Scene ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ဒါရိုက်တာဝိုင်းကရိုက်ကူးပြီး လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ
ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်ဗျာ ။
မြန်မာနိုင်ငံရုပ်ရှင် ဆင်ဆာအဖွဲ့ကနေပြီး တစ်နှစ်ကို ဗီဒီယိုဇတ်လမ်း (1000) နီးပါလောက် ဇတ်လမ်းခွင့်ပြုချက်ပေးနေပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဗီဒီယိုဇတ်လမ်း (1000)လောက်
ထွက်နေပါတယ် ။ ကြည့်ရှုသူ ပရိတ်သတ်က တစ်နေ့တစ်ကားပုံမှန်ကြည့်သွားရင်တောင် တစ်နှစ်ကို (365)ကားပဲ ကြည့်ရှုနိုင်မှာပါ ။ အခုတော့ တစ်နေ့ကို သုံးကားနှုံးကြည့်ပေးရမလို့ပါပဲ ။ စိတ်မကောင်းစရာက
မင်းသား မင်းသမီးသာပြောင်းသွားမယ် ဇတ်လမ်းက ဒီဇတ်လမ်းတွေဖြစ်နေတာ အခုနောက်ပိုင်း ပိုဖြစ်လာပါပြီ အရင်ကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဇတ်လမ်းကို တရားဝင်ကြေငြာပြီး ပြန်လည်ရိုက်ကူး
ထုတ်လုပ်ကြတာပါ အခုတော့ အဲဒီလိုလုပ်ဖို့တောင် အချိန်မမှီတော့သလိုပါပဲ ။ ဂီတလောကမှာ ပြန်ဆိုတေးတွေ ငြိမ်သွားတော့ အခု ရုပ်ရှင်ဖက်မှာ တစ်ခေတ်ဆန်းလာပါတယ် ။
တစ်နေ့ထဲကို ဇတ်ကား သုံးလေးကား အပြိုင်ထွက်လာကြတာပါ အရင်က မင်းသားတစ်ယောက်က
တစ်ပါတ်မှာ တစ်ရက်ပဲ ဖြန်ချိဖို့ ရက်ချိတ်ခွင့်ရပါတယ် အခုတော့ တစ်ပါတ်တည်းမှာ မင်းသားတစ်လက်တည်းက နှစ်ရက်လောက်ပါတာတွေ ဖြစ်လာပါပြီ ဘယ်လိုမူတွေနဲ့ သုံးသပ်ပြီး
ခွင့်ပြုချက်တွေပေးနေတာလဲဆိုတာ မသိတော့ပါဘူး အားပေးကြည့်ရှုကြတဲ့ ပရိတ်သတ်တွေကလဲ ရွေးချယ်
လာကြပါပြီ တစ်ချို့ ကားတွေဆို နာမည်ကြီးမင်းသား မင်းသမီးတွေပါပဲ ဒါပေမဲ့ ရုပ်ရှင်သာပြီးသွားတယ်
ဘာကိုပြောလို့ ဘာကိုပြမှန်း မသိလိုက်ပါဘူး မြန်မာပြည်ရဲ့ ရိုက်ကူးနှုံးတွေကလဲ အင်မတန်အံ့သြဖို့ကောင်းပါတယ် တစ်ကားကို (3) ရက် နည်းနည်းကောင်းကောင်းလေးရိုက်ရင် (5) ရက်
အဲဒီလောက်ပါပဲ ဟုတ်ကဲ့ အဲဒီတော့ ဘာဖြစ်လာလဲ .....ထုတ်လုပ်ရေးတွေက ရောင်းအားကျလာရင်
အငှားဆိုင်တွေကို ပြဿနာရှာတော့တာပါပဲ သေချာပါတယ် ခွေငှားဆိုင်တွေကလဲ အဲဒီလို တစ်နေ့
(၂) ကား (၃) ကား မ၀ယ်နိုင်ကြပါဘူး အခု ဒီရက်ပိုင်းအတွင်း ရောဂါဆန်းတစ်မျိုးပေါ်နေပါတယ်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးအစည်းအဝေးမှာ မြန်မာဗီဒီယိုဇာတ်ကားတွေ မရောင်းရတာ နိုင်ငံခြား
မြန်မာစာတန်းထိုး ဇတ်ကားတွေကြောင့်ပါဆိုပြီး ပြောလို့ အဲဒီ စာတန်းထိုးတွေကို လိုက်ဖမ်းကုန်ပါပြီ
သေချာစဉ်းစားကြည့်ရင် လူတွေက အပြင်က၀ယ်ကြည့်လို့မရရင် အဲဒီ စာတန်းထိုးကားတွေကို
5 movie တို့ MRTV 4 တို့ Sky Net တို့ကနေကြည့်မှာ အဲဒီလိုင်းတွေကနေလွင့်နေတာ အုန်းအုန်းကိုထနေတာပဲ သူတို့အချင်းချင်းတောင် အပြိုင်အဆိုင်ဖြစ်ပြီး ဈေးတွေလျော့ရောင်းနေတာ
ပေါပေါလေးနဲ့ ၀ယ်ကြည့်လို့ရနေတာပဲ ရန်ကုန်မှာဆို အဲဒီလိုင်းတွေက 70 % လောက် အိမ်တိုင်ရှိတယ်
မြန်မာကားကို အဆင့်အတန်းမှီမှီ အရည်အသွေးရှိရှိရိုက်ရင် ကြည့်တဲ့သူများမှာပဲ ကြည့်တဲ့သူများရင်
ရောင်းရမှာပေါ့ဗျာ အခုတော့ ဟို လက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ ပြီးတော့ ရှိသေးတယ် ခွေငှားဆိုင်လိုင်စင်
ကြိုက်တဲ့သူလာခဲ့ လိုင်စင်ကြေးသာပေး အကုန်ထုတ်ပေးမယ် အခုတော့ ခွေဆိုင်တွေကလဲ မျက်နှာချင်းဆိုင်တွေ ဘေးကပ်ရက်တွေဖြစ်ကုန်ပါပြီ ဒါကို ဗီဒီယိုလောကကြီး ဖွံ့ဖြိုးလာပြီဆိုပြီ ပီတိတွေ
ဖြစ်နေကြတာ အခု ထိန်းမရတော့ဘူးလေ ခွေဆိုင်တွေ အဲဒီလောက်များလာမှတော့ ငှားမရတော့ဘူးလေ
ခွေငှားမရတော့ ခွေဆိုင်တွေက မှန်မှန်ကန်ကန် မ၀ယ်နိုင်ကြတော့ဘူး အဲဒီတော့ ခိုးကူးဆိုတာတွေဖြစ်ကုန်ပြီပေါ့ ခွေဆိုင်သမားတွေလဲ သနားပါတယ် သူတို့ခမျာ ဒီအလုပ်မလုပ်ခင်တုန်းက
အလင်းထဲကလူတွေ ပြစ်မှုကင်းရှင်းတယ် ဒီအလုပ်လုပ်ပြီးမှ ထမင်းဖိုးလေးရမလားမှတ်တယ် သူခိုးတွေ
ဖြစ်ကုန်ရော ဟို့လူ့ ကြောက်ရ ဒီလူ့ကြောက်ရနဲ့ တရားဝင် လုပ်ငန်းလိုင်စင်နဲ့လုပ်ပြီး
ကြောက်နေရတဲ့ဘ၀လေ ပြောရတာ မကောင်းပါဘူဗျာ မြန်မာဗီဒီယိုလောကကောင်းမွန်ရေးအတွက်
ဗီဒီယိုအခြေခံအဖွဲ့ဆိုတာလဲ ဖွဲ့ပေးထားပါတယ် အလကားပါ ထုတ်လုပ်သူတွေရဲ့ လက်ကိုင်တုတ်သာသာပါပဲ ဘာလို့လဲဆိုတော့ ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) ဆိုတာ ထုတ်လုပ်သူတွေနဲ့ဖွဲ့စည်းထားတာကို အဲဒီတော့ သူတို့အကျိုးစီးပွားကိုပဲ ပိုကြည့်သလိုဖြစ်နေတော့တာပေါ့ အမှန်ကလဲ အဲဒီအတိုင်းပါပဲ
အဖွဲ့တွေသာ အဆက်ဆက်ပြောင်းသွားတယ် အငှားဆိုင်သမားတွေကတော့
သူခိုးဘ၀ကနေ မလွတ်ပါဘူး လုပ်တာကြာတဲ့သူက သူခိုးကြီး အခုမှ စလုပ်တဲ့သူက သူခိုးလေး ဒါပါပဲ
အဟီး ...ကျွန်တော်လဲ ရေးကောင်းကောင်းနဲ့ ရေးနေတာ Colour တွေ ပါကုန်ပြီလားမသိဘူး ..
တတ်နိုင်ဘူးဗျာ ဆင်ဆာဖြတ်ပြီးသာ ဖတ်ကြပေတော့
ရွှင်လန်းချမ်းမြေ့ပါစေဗျာ
No comments:
Post a Comment