အမေရိကန်ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ(Mixed Martial Artist-MMA)ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံသား ကချင်လူမျိုးဖြစ်သူ အောင်လအန်ဆိုင်း (Aung La N Sang)သည် အမေရိကန်နိုင်ငံသား ဂျက်ဆင်လော့ခ် (Jason Louck)ကို
အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကိုပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်က အမေရိကန်နိုင်ငံတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆိုင်းသည် ယင်းပွဲမှရရှိသော
ငွေကြေးများအားလုံးကို ကချင်ပြည်နယ်ရှိ ဒုက္ခသည်တိုင်းရင်းသားများအတွက်
လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ အောင်လအန်ဆိုင်းကို
"မြန်မာပြည်စပါးအုံးမြွေ" (The Burmese Python)ဟု MMAလောက၌
နာမည်ပြောင်ဖြင့် ခေါ်ဆိုကြောင်းလည်း သိရသည်။
Ref : by Eleven Media Group
No comments:
Post a Comment