နှစ်ဖက်လူကြီးမင်းများ ငြိမ်းချမ်းရေးအတွက် စာပွဲဝိုင်မှာ ထိုင်ပြီး သေချာဆွေးနွေးစေလိုပါတယ် ။
စစ်ပွဲဆိုတာ ဘယ်လိုစစ်ပွဲမျိုးပဲဖြစ်ဖြစ် ဘ၀တွေအများကြီးကို သတ်နေသလိုပါပဲ ။ ကချင်ပြည်နယ်က
တိုင်းရင်းသားများဟာလည်း ကျွန်တော်တို့ရဲ့ သွေးချင်းတွေပါပဲ ။ အဲဒီမှာလည်း ဘ၀တွေအများကြီး
စတေးခံခဲ့ရပြီးပါပြီ ။ အရွယ်မရောက်သေးတဲ့ ခလေးလူမမယ်လေးတွေလဲ မိမဲ့ဖမဲ့ မိကွဲဖကွဲ
ဆွေကွဲမျိုးကွဲနဲ့ ဒုက္ခအတိပါပဲ ။ အားလုံးက ငြိမ်းချမ်းရေးလို့ ပါးစပ်ကပဲအော်နေကြလို့ မပြီးကြပါဘူး ။
တစ်ကယ် ငြိမ်းချမ်းမှုရှိအောင်လဲ လုပ်ကြပါလို့ အပြုသဘောဆောင် တိုက်တွန်းပါတယ်ဗျာ ။
No comments:
Post a Comment