တရုတ်ပြည်မှာ ဖြစ်သွားတဲ့ ယာဉ်တိုက်မှုတစ်ခုပါ ။ အသက်(2) နှစ်အရွယ် ကလေးတစ်ဦးကို
တိုက်မိတဲ့ ယာဉ်ဟာ တာဝန်မဲ့စွာ မောင်းပြေးသွားပါတယ် ။ အဲဒီနောက် လမ်းဘေးသွေးအိုင်
ထဲမှာ လဲကျနေတဲ့ ကလေးငယ်ကို လမ်းသွားလမ်းလာများ တစ်စုံတစ်ရာ ကူညီမှုမပေးပဲ
မိမိနဲ့ မဆိုင်သလို ဖြတ်ကျော်သွားနေကျတာပါ ။ ဒါ့အပြင် ကံဆိုးတဲ့ ကလေးငယ်ဟာ
ခြေထောက်နှစ်ဖက်လုံးကို နောက်ထပ် ကားတစ်စီးရဲ့ တက်ကြိတ်ခြင်းကိုလဲခံခဲ့ရပါသေးတယ် ။
အဖြစ်အပျက် ဖြစ်နေစဉ်အတွင်း အနည်းဆုံး လူ (10) ဦးခန့်က တွေ့ခဲ့ကြသော်လည်း
မျက်နှာလွဲသွားကြတဲ့ အဖြစ်ဟာ ကျွန်တော်တို့ လူ့ဘောင်လောကကြီးကိုအရုပ်ဆိုးအကျည်းတန်
စေခဲ့ပါတယ် ။
No comments:
Post a Comment